မိုင်းကိုင်မြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲ၊ ပန်းချီ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲ ကျင်းပ

မိုင်းကိုင် ဒီဇင်ဘာ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲ၊ပန်းချီ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်း(ပန်ကတ်)မှ ဆရာမဒေါ်နန်းမွေဖောင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးက အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ အမျိုးသားနေ့နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ပန်းချီ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲများ ဆက်လက်ကျင်းပရာ ဆုရ ကျောင်းသား/ကျောင်းသူများကို (၁၀၃)နှစ်‌မြောက် အမျိုးသားအောင်ပွဲနေ့၌ ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

နန်းအေးအေးသိန်း