ရန်ကင်းပညာရေးဒီဂရီကောလိပ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မောင်မယ်သစ်လွင်ကြိုဆို

ရန်ကင်း ဒီဇင်ဘာ ၅

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန ရန်ကင်းပညာရေးဒီဂရီကောလိပ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်(ပထမနှစ်) မောင်မယ်သစ်လွင်များနှင့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာ PPTT(၁၀/၂၀၂၃) သင်တန်းသားသင်တန်းသူများအား မောင်မယ်သစ် လွင်ကြိုဆိုပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါဒီဂရီကောလိပ်မြတ်ပညာခန်းမ၌ ကျင်းပသည်။

မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်းက ရန်ကင်းပညာရေးဒီဂရီကောလိပ်၌ ယခုဖွင့်လှစ်တဲ့သင်တန်းရဲ့ထူးခြား မှုက(၄)နှစ်သင်ပညာရေးဘွဲ့သင်တန်းရဲ့ ပထမနှစ်ကိုဖွင့်လိုက်တဲ့အတွက် တတိယနှစ်သင်တန်းကိုလည်း စတင်ပြီဖြစ်ပါကြောင်း၊ နောက်သင်တန်းတစ်ခုကတော့ PPTT( ၁၀/ ၂၀၂၃) ဖြစ်ပြီး ယခုသင်တန်းကို (၁)နှစ်ထည်းမှာပဲ ဒုတိယအကြိမ်ထပ်မံဖွင့်လှစ်တဲ့ သင်တန်းဖြစ်ပါကြောင်း၊ အခြေခံပညာရဲ့ဆရာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဖွင့်လှစ်ပေးတာဖြစ်ပါကြောင်း၊ ရန်ကင်းပညာရေးဒီဂရီကောလိပ်၌ (၄)နှစ်သင်ဘွဲ့ သင်တန်းမှာ မောင်မယ်သစ်လွင် ကျောင်းသား၊ ကျောင်းသူ (၁၂၀)ဦး၊ PPTT(၁၀/ ၂၀၂၃) သင်တန်းသား၊ သင်တန်းသူ(၁၁၂)ဦး တက်ရောက်ကြမှာဖြစ်ပြီး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၇၂၄)ဦး ပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျှက်ရှိပြီး လက်တွေ့ဘဝနှင့် ပေါင်းစပ်/ ဆက်စပ်သင်ယူနိုင်သော စဉ်းစားတွေးခေါ်သင်ကြားပို့ချပေးနိုင်သော ဆရာ၊ ဆရာမကောင်းများဖြစ်အောင်၊ ဆရာ တစ်ယောက်မှာရှိသင့်တဲ့ အရည်အသွေးများကို ပြည့်မီအောင် ကြိုးစားအားထုတ်သင်ယူပြီး အရည်အသွေးပြည့်ဝသော၊ ကျန်းမာသန်စွမ်းပြီး စာရိတ္တကောင်းမွန်သော အနာဂတ်သားကောင်းရတနာများကို မွေးထုတ်ပေးနိုင်သည့် ဆရာကောင်းများဖြစ်အောင် တိုင်းပြည်အကျိုး၊ နိုင်ငံအကျိုးကို ရွက်သယ်ပိုးဆောင်ရွက်နိုင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပညာရေးဒီဂရီကောလိပ် (ရန်ကင်း) ကျောင်းအုပ်ဆရာကြီး ဦးအောင်မြတ်စိုးက သင်တန်းဆိုင်ရာများ ရှင်းလင်းတင်ပြကာ မောင်မယ်သစ်လွင်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအလှများ၊ ကဗျာလွတ်အကများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြသည်။

ယင်းနောက် လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်နှင့် ရန်ကင်းမြို့နယ်စီ မံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့်အဖွဲ့လိုက်ပါ၍ တက်ရောက်လာသော မောင်မယ်သစ်လွင်များ၊ သင်ကြားရေးဆရာ၊ ဆရာမများ အားရင်းရင်းနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။

လှလှထွေး (ပြန်/ဆက်)