ဆောင်းတွင်းကာလ လားရှိုးမြို့အနီးပတ်ဝန်းကျင်တွင် တောင်နေကြာပန်းများ လှပစွာ ပွင့်လျက်ရှိ

လားရှိုး ဒီဇင်ဘာ ၅

ဆောင်းတွင်းကာလအတွင်းသာ ပွင့်လေ့ရှိသော တောင်နေကြာပန်းပွင့်များ လားရှိုးမြို့နှင့် အနီးတစ်ဝိုက်တွင် လှပစွာဖြင့် ပွင့်လန်းလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

တောင်နေကြာပန်းပွင့်များသည် လားရှိုးမြို့အနီးရှိ ပြည်ထောင်စုကားလမ်းမကြီးတစ်လျှောက်နှင့် မြို့အနီးရှိ တောင်ပေါ်လမ်းပတ်ဝန်းကျင်တို့တွင် အများအပြား ပေါက်ရောက်လေ့ရှိသည်ကို တွေ့ကြရသည်။

ယခင်က လားရှိုးမြို့သို့ လာရောက်လည်ပတ်ကြသူများသည် တောင်နေကြာပန်းပွင့်များနှင့်အတူ မင်္ဂလာအလှဓါတ်ပုံရိုက်ကူးခြင်းများ၊ အမှတ်တရဓါတ်ပုံရိုက်ကြခြင်း၊ ဗီဒီယိုရိုက်ကြခြင်းများ ပြုလုပ်လေ့ရှိသည်ကို တွေ့ကြရသည်။

တောင်နေကြာပန်းများကို ဒေသခံများက တန်ဖိုးထားကြပြီး တောင်နေကြာပန်းများသည် တောင်ပေါ်ဒေသများတွင်သာ ပွင့်သည့်ပန်းဖြစ်သည့်အတွက် တောင်ပေါ်ဒေသအတွက် ထင်ရှားသည့် အမှတ်အသားတစ်ခုလည်းဖြစ်သည်။

မြန်မာနိုင်ငံတွင် တောင်နေကြာပန်းကို တောင်ပေါ်ဒေသများ၊ မန္တလေးတိုင်းအတွင်းရှိ ပြင်ဦးလွင်မြို့ ပတ်ဝန်းကျင်နှင့် ပုပ္ပါးတောင်မကြီးပေါ်တွင်လည်း သဘာဝအလျောက်ပွ င့်နေကြသည်ကို တွေ့မြင်ကြရသည်။

စိုင်းထွန်း(လားရှိုး)