မိုင်းနောင် ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ရုံး Community Centre တွင် Book Club အသင်းဝင်များကစာရေးဆရာမခင်စောတင့်၏ စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မိုင်းနောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်နန်းမီးက စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းကာ Book Club အသင်းဝင်များက မိမိတို့ဖတ်ရှုလေ့လာထားသော စာစုများထဲမှ စွန့်စားမှုဆီသို့ခြေတစ်လှမ်း၊ မျှော်လင့်ချက်၊ မကြည်လင်တဲ့ စိတ်နေစိတ်ထားတွေကို တွန်းလှန်ကြပါစို့၊ လမ်းလျှောက်ထွက်ကြမယ်၊ ရှုမဆုံးတော့သည်၊ အမှတ်တရအချိန်များ ခေါင်းစဥ်တို့ဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော Book Club အသင်းဝင်များသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော စာပေဖတ်ရှုလေ့လာမှုစာဖတ်ဝိုင်းမှတဆင့် မျိုးဆက်သစ်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ဆင့်ကမ်းအမွေပေးနိုင်ရေးကိုလည်း စီစဥ်ဆောင်ရွက်ပေးရန် ဆွေးနွေးအကြံပြုခဲ့ကြကြောင်း သိရှိရသည်။
မိုးသောက်(မိုင်းနောင်)