လားရှိုး အောက်တိုဘာ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ခရိုင်အဆင့် ကော်မတီက လားရှိုးမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများသို့ ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်မှ စတင်၍ စားသောက်ကုန်နှင့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ စတုတ္ထအကြိမ် ထောက်ပံ့လှူဒါန်းခဲ့သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ခရိုင်အဆင့်ကော်မတီ ဥက္ကဋ္ဌ၊ လားရှိုးခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချို ဦးဆောင်၍ လားရှိုးမြို့ရှိ သဲအင်းကူကမ္မဋ္ဌာန်းကျောင်း၊ စွန်းလွန်းကျောင်းတိုက်၊ ရွှေပြည်အေးကျောင်းတိုက်၊ အင်ကြင်းတောင် အောင်မင်္ဂလာကျောင်းတိုက်၊ အေးရတနာ (သီလရှင်) ကျောင်းတိုက်နှင့် သာသနာ့ဝေပုလ္လ(သီလရှင်) ကျောင်းတိုက်တို့မှ သံဃာတော်များနှင့် သီလရှင်ဆရာလေးတို့အတွက် ဆန်(၃၅)အိတ်၊ ဆီ(၁၆၀)ပိဿာ၊ Mask (၁၅၀၀)ခု၊ ခေါက်ဆွဲခြောက်(၃၀)ဖာတို့ အား ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် လားရှိုးမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ခရိုင်အဆင့် ကော်မတီဥက္ကဋ္ဌ၊ လားရှိုးခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချိုနှင့် အဖွဲ့သည် လားရှိုးမြို့ တာပုံကျေးရွာရှိ ချစ်ခြင်းမေတ္တာမိဘမဲ့ဂေဟာမှ ကလေးငယ်(၁၈၀)ဦးအတွက် နေ့လယ်စာ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး(ပြန်/ဆက်)