ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မြို့နယ်စာရေးဆရာအသင်း လစဉ်ပုံမှန်အစည်းအဝေးပြုလုပ်

ဒဂုံတောင် ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ၁၈ ရပ်ကွက် မြရည်နန္တာလမ်းရှိ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ မြို့နယ်စာရေးဆရာအသင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေး၌ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးခင်မောင်စိုး (စာရေးဆရာနေစိုးသော်) က အဖွင့်အမှာစကားပြောကြားရာတွင် လစဉ်အစည်းအဝေးပြုလုပ်ရခြင်း အကြောင်းအရာများ စာဆိုတော်နေ့တွင် သက်ကြီးစာ‌ပေပညာရှင်ကြီးများအား ပူဇော်ကန်တော့မည့်အကြောင်းအရာများ အပူဇော်ခံပုဂ္ဂိုလ်များတက်ရောက်နိုင်ရေး မတက်ရောက်နိုင်သူများအား အိမ်တိုင်ရာရောက် ကန်တော့ရန်များ စသည်ဖြင့်ဆွေနွေးပြောကြားခဲ့သည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများက လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများ အလှူငွေရရှိရေးများ ပူ‌ဇော်ခံစာပေပညာရှင်ကြီး တစ်ဦးချင်းဆီအတွက် ထိုက်ထိုက်တန်တန်ကန်တော့ရန်များ စသည်ဖြင့်အသေးစိတ်ဆွေး‌နွေးခဲ့သည်။

ထို့နောက် မတည်အလှူရှင် စာရေးဆရာ အာဆီယံသန်းဝင်းက စာပေပညာရှင်ကြီးများအတွက် မတည်လှူဒါန်းမည့်အလှူငွေထည့်ဝင်ပေးပြီး ဒုဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကလည်း ပူဇော်ခံစာပေပညာရှင်ကြီးများအတွက် ထိုက်တန်သော ပူ‌ဇော်ငွေများရရှိရေးအတွက် တာဝန်ခွဲဝေဆောင်ရွက်ရေးများ ဆောင်ရွက်မည့်အစီအစဉ်များ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးကာ အစည်းအဝေးကို အောင်မြင်စွာရုတ်သိမ်ခဲ့ကြောင်း သိရသည်။

သန်းသန်းအေး