နေပြည်တော် ဒီဇင်ဘာ ၃
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဌာနကြီးမှူးများ၊ နေပြည်တော် အဆင့်ဌာနဆိုင်ရာ များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ မဟာထေရ်မြတ်အား သွားရောက်ဖူးမြော် ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ပျဉ်းမနားမြို့၊ ပါဠိ တက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် အတွင်း၊အပြင်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဆရာဆရာမ များက ပတ်ဝန်းကျင်သန့်ရှင်းသာယာရေး၊ သစ်ပင်များ အလင်းဖွင့်ခြင်း၊ ချုံနွယ်များ၊ ပေါင်းမြက်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်ကျေးရွာအနီးတွင် နေပြည်တော်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် ဆင်သေချောင်း ယာယီချောင်းပိတ်ဆည် တည်ဆောက်နေမှုကိုလည်းကောင်း၊ ဒေသခံတောင်သူများက သီးနှံစုံစိုက်ပျိုးထားမှုများကိုလည်းကောင်း၊ နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေပေးဝေသည့် လုပ်ငန်းကိုလည်းကောင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တောင်သူများအား စိုက်ပျိုး ရေ ပေးဝေးရာတွင် စနစ်တကျ ရှိစေရေး၊ ယခင်ထက် စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင် မြင်စေရေး၊ လုပ်ငန်းများအနေဖြင့် အကျိုးပြုဧကများ တိုးပွားလာရေးတို့ကို အလေးထားဆောင်ရွက်ကြစေလို ကြောင်းမှားကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေးကား လမ်းဟောင်းပေါ်ရှိ ဆင်သေချောင်းတံတား (ကျောက်ချက်) သို့ ရောက်ရှိပြီး ဆင်သေချောင်း တံတားပေါ်တွင် AC ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ထို့မှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ဆင်သေကျေးရွာအနီးတွင် ငလိုက်ဆည်ရေသောက်စနစ်ပြင်ပရှိ ရေသောက်ဧရိယာများအား ပေါင်းလောင်းမြစ်မှ ရေကူဖြည့်သွင်းခြင်းလုပ်ငန်းဆောင်ရွက်နေသည့် ရေသွင်းအဆောက်အအုံ၊ ရေစုကန်၊ ရေဝေကန်၊ ရေတင်စက်ရုံနှင့် တူးမြောင်းများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာအနီးရှိ ရွှေပြည်စိုး ဆန်စက်သို့ ရောက်ရှိပြီး ဆန်စက်အတွင်း တစ်ရက်လျှင် တန် ၈၀ ကျ ဆန်စက်လည်ပတ်ကြိတ်ခွဲနေမှုနှင့် စပါးအခြောက်ခံမှုလုပ်ငန်းအား ကြည့်ရှုပြီး ဆန် အရည် အသွေးမြင့်မားရေး၊ နိုင်ငံတကာဆန်ဈေးကွက်တွင် အဆင့်အတန်းမီစေရေးနှင့် ဆန်စက် စွမ်းအားပြည့် လည်ပတ်နိုင်စေရေး၊ ပြည်တွင်းစာသုံးမှုဖူလုံစေရေးနှင့် ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေး တို့ကို မှာကြားပြီး လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာအုပ်စုအနီးရှိ ကွင်းအမှတ် ၁၆၆၀ တွင် တောင်သူ ဦးကျောက်၏ စိုက်ဧက ၁၃ ဧက၌ ဆောင်းဆီထွက်သီးနှံ ဆင်းရွှေကြာ-၂ နေကြာမျိုးကို စက်ကိရိယာများဖြင့် စိုက်ပျိုးနေမှုကို သွားရောက်ကြည့်ရှုရာ တောင်သူများနှင့်တွေ့ဆုံကာ တာဝန်ရှိသူများက စိုက်ပျိုးစနစ်များ၊ သီးနှံစုံ အကန့်လိုက် စိုက်ပျိုးရာတွင် သတိပြုရမည့်အချက်များနှင့် အကျိုးကျေးဇူးများ၊ မိုးနှောင်းရာသီတွင် စိုက်ပျိုးသင့်သည့် သီးနှံအတွဲများကိုလည်းကောင်း၊ တောင်သူများက စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များ နှင့်စပ်လျဉ်း၍ အဆင့်မြင့်လယ်ယာမြေများဖော်ဆောင်ရေး၊ အထွက်နှုန်းများ တိုးတက်ထွက်ရှိစေရေး၊ သုံးသီးစိုက်ပျိုးနိုင်းရေး၊ ပန်းတိုင်အထွက်နှုန်းများနှင့် စံနှုန်းအထွက်နှုန်းထွက်ရှိစေရေး၊ အကျိုးရှိမည့် သီးနှံများစိုက်ပျိုးနိုင်ရေး၊ တောင်သူတစ်ဦးချင်း ဝင်ငွေတိုးတက်ရရှိစေရေးတို့အတွက် ဌာနဆိုင်ရာ များနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းနှင့် တောင်သူများ၏ တင်ပြချက်များ နှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တောင်သူများနှင့်အတူ တောင်သူ ဦးကျောက်၏ စိုက်ဧက ၁၃ ဧက၌ ဆောင်းဆီထွက်သီးနှံ ဆင်းရွှေကြာ-၂ နေကြာမျိုးကို စက်ကိရိယာ များဖြင့် စိုက်ပျိုးနေမှုကိုကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)