စမ်းချောင်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း(၁/၂၀၂၃)ဆင်းပွဲအခမ်းအနားကျင်းပ

စမ်းချောင်း ဒီဇင်ဘာ  ၂

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် မီးသတ်ဦးစီးဌာနတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (/၂ဝ၂၃)ဆင်းပွဲအခမ်းအနားကို  ယမန်နေ့နံနက် ()နာရီအချိန်က  မြို့နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘဝင်းက  သင်တန်းဆင်းပွဲ အမှာစကားပြောကြား၍  ဆုရရှိသူများကို ဆုတံဆိပ်များချီးမြှင့်သည်။ ထို့နောက် သင်တန်းသားများကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်ထွန်းဦးမှ  သင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ အရန်မီးသတ် ဒုတိယတပ်ရင်းမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များ စုစုပေါင်း(၅၅)ဦး တက်ရောက်ကြောင်း သိရသည်။

နီလာစိုး