ကျောက်ဆည် ဒီဇင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း အနော်ရထာခန်းမတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ်(၁၁)လူကုန်ကူးမှုတားဆီနှိမ်နင်းရေး ရဲတပ်ဖွဲ့ စု(မန္တလေး)နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရပြီး ရေးဦးစွာ ကျောက်ဆည်မြို့နယ် ပညာရေးမှူးဦးအေးဝင်းက ကျောင်းသား/ကျောင်းသူများအနေဖြင့် မလိုအပ်ဘဲ အပြင်သွားလာခြင်းများ မပြုလုပ်ရန်၊ သူစိမ်းများကသွေးဆောင်ခေါ်ယူပါက လိုက်ပါမသွားကြရန်၊ ကျောင်းစာများကို ကြိုးစားသင်ယူပြီး ပြင်ပဗဟုသုတများ လေ့လာကြရန် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၁၁)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲအုပ်ဌေးကိုက လူပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားတစ်ဦးဦးအား သဘောတူညီသည်ဖြစ်စေ၊ မတူညီသည်ဖြစ်စေ ခေါင်းပုံဖြတ်ရန် အလိုငှာ ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း၊ အခြားနည်းဖြင့်အနိုင်အထက်ပြုခြင်း၊ သွေးဆောင် ခေါ်ယူခြင်း၊ လိမ်လည်ခြင်း၊ လှည်ဖြားခြင်း၊ လုပ်ပိုင်ခွင့်အခွင့်အာဏာကိုအလွဲသုံးစားပြုခြင်း၊ ဘဝရပ်တည် ရန်ခက်ခဲသော အခြေအနေကို အခွင့်အကောင်းယူ၍အလွဲသုံးစားပြုခြင်း၊ ချုပ်ကိုင်နိုင်သူ၊လွှမ်းမိုးနိုင်သူ၏ သဘောတူညီချက်ရရှိရန် ငွေကြေး၊ပစ္စည်း၊ အခြားအကျိုးအမြတ်တစ်စုံတစ်ရာကိုပေးခြင်း၊ လက်ခံရယူခြင်း စသည့်နည်းလမ်းများကိုသုံးပြီး သိမ်းသွင်းစုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ခိုလုံခွင့်ပေးခြင်း၊ လက်ခံခြင်းများသည် လူကုန်ကူးခြင်းများဖြစ် ကြောင်း ပညာပေးဟောပြောခဲ့သည်။
ထို့နောက် အသိပညာပေးအခမ်းသို့တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများနှင့်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ်(၁၁)လူကုန်ကူးမှုတားဆီနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(မန္တလေး)မှ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ အထက်တန်းပြကျောင်းဆရာကြီး ဦးတင်အောင်မိုးက ကျေးဇူတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)