မက်မန်းမြို့နယ်တွင် အင်္ဂလိပ်စာစွမ်းရည်မြှင့်ဆွေးနွေးပွဲ ကျင်းပ

မက်မန်း ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာဆရာ/ဆရာမများမှ ကျောင်းသား ကျောင်းသူများအား အင်္ဂလိပ်စာများ သင်ကြားပြသရာတွင် အဆင့်မြင့်သင်ကြားနိုင်ရေးအတွက် ဆရာ /ဆရာမများ အင်္ဂလိပ်စာစွမ်းရည်မြှင့်ဆွေးနွေးပွဲ(4 skills)အား ယနေ့နံနက် ၉ နာရီချိန်က မက်မန်းမြို့၊ မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အင်္ဂလိပ်စာစွမ်းရည်မြှင့်ဆွေးနွေးပွဲတွင် မက်မန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အင်္ဂလိပ်စာပြဆရာ/ဆရာမ (၅၄)ဦး တက်ရောက်ပြီး သင်ကြားရေးနှင့် အထွေထွေဗဟုသုတဆိုင်ရာ အင်္ဂလိပ်စာများကို ဆွေးနွေးကြသည်။ ထို့ပြင် အခြေခံပညာဆရာ/ဆရာများ အင်္ဂလိပ်စာအရည်အသွေးမြင့်တင်ရေး (4 skills) ဆွေးနွေးပွဲကို (Zoom Application) အသုံးပြု၍ တက်ရောက်ခဲ့ကြသော နည်းပြ(၄)ဦးမှ ယခုဆွေးနွေးပွဲတွင် တက်ရောက်ကြသော အင်္ဂလိပ်စာပြဆရာ/ဆရာမ(၅၄)ဦးအား ထပ်ဆင့်မျှဝေရှင်းလင်းခြင်းနှင့် ဆွေးနွေးကြခြင်းများ ဆောင်ရွက်လျက်ရှိသည်။ အင်္ဂလိပ်စာစွမ်းရည်မြှင့်ဆွေးနွေးပွဲ(4 skills)အား ယနေ့နံနက် ၉ နာရီမှ ညနေ(၄)နာရီအထိ ဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)