မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး SINOVAC ထိုးနှံ

မိုးနဲ ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဌာနဆိုင်ရာစုပေါင်းရုံးဝန်းအတွင်းရှိကမ္ဘောဇခန်းမနေရာ၌ ယမန်နေ့ ညနေအချိန်က မြို့ပေါ်နေ ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး SINOVAC ထိုးနှံပေးခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ ကြီးကြပ်မှုဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းများက အရက်သောက်စားလာခြင်းရှိ၊ မရှိနှင့် ဆေးထိုးပြီးခဲ့သည့် အကြိမ်ရေတို့ကို မေးမြန်းကာ စာရင်းသွင်းခြင်းကို ဆောင်ရွက်ခဲ့သည်။ ထို့နောက် SINOVAC ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်လုံးလျှင် ၂ ယောက်နူန်းဖြင့် Booster First Dose ထိုးနှံမည့်သူများနှင့် Booster Second Dose ထိုးနှံမည့်သူများကိုသာ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)