မိုင်းခတ် ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(မိုင်းခတ်)၌ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စွမ်းရည်ပြိုင်ပွဲများတွင် အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်သည့် စာစီစာကုံးရေးသားခြင်း၊ ကဗျာစပ်ဆိုရေးသားခြင်းနှင့် ပန်းချီရေးဆွဲနည်းပြိုင်ပွဲတို့ကို ကျင်းပပြုလုပ်ခဲ့ပြီး ယင်းပြိုင်ပွဲများသို့ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်ကျောင်းသား/သူများ ဝင်ရောက်ယှဥ်ပြိုင်ကြပြီး စာစီစာကုံးပြိုင်ပွဲတွင် (၂၉)ဦး၊ ကဗျာရေးစပ်နည်းပြိုင်ပွဲတွင် (၂၉)ဦး၊ ပန်းချီရေးဆွဲနည်းပြိုင်ပွဲတွင် (၁၇)ဦး စုစုပေါင်း (၇၅)ဦးတို့ ပါဝင်ယှဥ်ပြိုင်ခဲ့ကြရာ ဆုရ ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ပညာရေးစုံညီပွဲတော်အခမ်းအနားနေ့တွင် ဂုဏ်ပြုပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)