ကျောက်ဆည်မြို့နယ်တွင်(CERP)အစီအစဉ်ဖြင့် စိုက်ပျိုးထားရှိသော အောင်မြင်ဖြစ်ထွန်းနေသည့် ဧရာမင်း မိုးစပါး စိုက်ခင်းများအား မျိုးသန့်၊ မျိုးစေ့ရရှိရေး မျိုးကွဲပယ်ခြင်း၊ ပေါင်းနုတ်ခြင်းများဆောင်ရွက်

​ကျောက်ဆည် အောက်တိုဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် စိုက်ပျိုး ထားရှိသော အောင်မြင်ဖြစ်ထွန်းနေသည့် ဧရာမင်းမိုးစပါးစိုက်ခင်းများအား မျိုးသန့်၊ မျိုးစေ့ရရှိရေး ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများ ပူးပေါင်းပြီး မျိုးကွဲပယ်ခြင်း၊ ပေါင်းနုတ် ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးရဲမင်းသောင်း ကြီးကြပ်မှုဖြင့် ထုံးကြီး ရှေ့တန်းစခန်းအောက်ရှိ ရဲမအူကျေးရွာ၊ တောင်သူဦးမြင့်ဟန် စိုက်ပျိုးထားသည့် ကွင်းအမှတ်(၂၈၅)၊ ဦးပိုင် အမှတ်(၇၇/၂) သက်တမ်း(၉၅)ရက်ရှိ ဧရာမင်းမိုးစပါး(၇)ဧကတွင် ရှေ့တန်းကွင်းတာဝန်ခံ ဒေါ်မီမီမျိုးမြတ်နှင့် ဝန်ထမ်းမျာမှ တောင်သူနှင့် ပူးပေါင်းပြီး ဒုတိယအကြိမ် မျိုးကွဲပယ်ခြင်း၊ ပေါင်းနုတ် ခြင်း များ ဆောင်ရွက်ခဲ့ ကြောင်း သိရှိသည်။

ကျောက်ဆည်မြို့နယ်တွင် (CERP) အစီအစဉ်ဖြင့် ဧရာမင်းမိုးစပါးများကို မင်းရဲရှေ့တန်းစခန်းမှ ကျေးရွာအုပ်စု (၇)အုပ်စုတွင် စိုက်ဧကပေါင်း(၁၃၇.၆၃)ဧက၊ သင်းတွဲရှေ့တန်းစခန်းမှ ကျေးရွာ အုပ်စု(၅) အုပ်စုတွင် စိုက်ဧက ပေါင်း(၁၁၂) ဧက၊  သင်းဒီးရှေ့တန်းစခန်းမှ ကျေးရွာအုပ်စု(၆)အုပ်စုတွင် စိုက်ဧက ပေါင်း(၁၆၂.၁၉)ဧက၊ ထုံးကြီး ရှေ့တန်းစခန်းမှ ကျေးရွာ အုပ်စု(၄)အုပ်စုတွင် စိုက်ဧကပေါင်း(၆၃)ဧက၊ စမာရှေ့တန်းစခန်းမှ ကျေးရွာအုပ်စ (၃)အုပ်စုတွင် စိုက်ဧကပေါင်း (၃၂)ဧက၊ တမုတ်ရှေ့တန်းစခန်းမှ ကျေးရွာအုပ်စု(၈)အုပ်စုတွင် စိုက်ဧက ပေါင်း(၁၀၉.၀၈) ဧက စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရှိရသည်။

သက်မောင်(ကျောက်ဆည်)