မတ္တရာ၊ အောက်တိုဘာ ၂၄
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီမှဦးဆောင်၍ မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူမှု ဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်းမှုဖြင့် တိုက်ကျွေးသော အာဟာရနို့ဗူးများကို မတ္တရာမြို့နယ် အမျိုးသမီးကော်မတီမှ မတ္တရာမြို့ အမှတ်(၄) ရပ်ကွက် အောင်သာကံမြင့်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ပရဟိတဂေဟာရှိ အသက် (၁၀) အောက် ကလေးငယ်များအား ယမန်နေ့နံနက် ၉ နာရီက သွားရောက်တိုက်ကျွေးခဲ့ကြောင်း သိရသည်။
မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နိုင်မှ ရှေးဦး အရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန်ရည်ရွယ်၍ တိုက်ကျွေးရခြင်းဖြစ်ကြောင်း၊ အာဟာရနို့တိုက်ကျွေးရခြင်း၏ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့သို့အာဟာရနို့တိုက်ကျွေးရာတွင် မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကော်မတီဝင်များမှ ကလေးငယ် (၄၉) ဦးအား အာဟာရနို့ဗူးများ ဝေငှတိုက်ကျွေးခဲ့ကြသည်။
အဆိုပါနို့တိုက်ကျွေးခြင်းလုပ်ငန်းကို အောက်တိုဘာ ၉ ရက်နေ့မှစတင်ကာ အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့များ၌ (၈) လကြာ တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)