လားရှိုးမြို့နယ် နမ့်ပေါင်ဒေသထွက် ဖရဲသီးများ ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချ

လားရှိုး နိုဝင်ဘာ ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ နမ့်ပေါင်ဒေသထွက် ဖရဲသီးများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိနေကြောင်း သိရသည်။

နမ့်ပေါင်ဒေသထွက် ဖရဲသီးများကို နှစ်စဉ်နှစ်တိုင်း ဖရဲသီးပေါ်ချိန်များတွင် တရုတ်နိုင်ငံသို့ မူဆယ်မြို့  (၁၀၅) မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တင်ပို့ရောင်းချလျက်ရှိသည်။

“အရင်တုန်းကတော့ ကျွန်တော်တို့ဒေသထွက် ဖရဲသီးတွေကို မူဆယ် (၁၀၅)မိုင်ကနေတစ်ဆင့် တရုတ်နိုင်ငံကို တင်ပို့ရောင်းချပါတယ်။ အခုတော့ နယ်မြေအခြေအနေတွေကြောင့် ဖရဲသီးတွေကို လားရှိုးမြို့နယ် အနီးတစ်ဝိုက်မှာပဲရောင်းချပေးနေရတယ်။” ဟု နမ့်ပေါင်ကျေးရွာ အနီးတစ်ဝိုက်တွင် ဖရဲသီးစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ဆိုသည်။

တရုတ်နိုင်ငံသို့ တင်ပို့ပါက ဖရဲသီးတစ်လုံးလျှင် ငါးသောင်းကျပ် ဝန်းကျင်ခန့် ရရှိပြီး ပြည်တွင်း၌တွင်မူ ကျပ်ငါးထောင်မှ ကျပ်တစ်သောင်းကျပ်ခန့်သာ ရရှိကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး )