တန့်ယန်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာသူများအား အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများလှူဒါန်း

တန့်ယန်း နိုဝင်ဘာ ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာသူများအား စေတနာရှင်အလှူရှင်များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များတို့မှ ယမန်နေ့ညနေပိုင်းက အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါ ယာယီနေရပ်စွန့်ခွာသူများအား ပေးအပ်လှူဒါန်းကြရာတွင် မြို့နယ်အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများက အလှူရှင် ဦးမောင်မြ၏ ကူညီလှူဒါန်းမှုဖြင့် အဝတ်အထည်များကိုလည်းကောင်း၊ အမှတ်(၂)ရပ်ကွက်နေ ဦးတင်ဝင်း + ဒေါ်ဝေဝေမြင့် ၊ ဦးတိုးအောင် + ဒေါ်ကြည်ကြည်ဝင်းနှင့် သားသမီး မိသားစုများတို့မှ “ဝ” စာပေနှင့်ယဉ်ကျေးမှုခန်းမ ယာယီစခန်းများ၌ ထမင်း (၅၀၀)ဗူး ၊ ရေသန့် (၁၀) ကတ်၊ တစ်ရှူး(၅၀)ထုတ်တို့အားလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)