အင်းစိန်မြို့နယ်၌ မိုးရာသီကာလတွင် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်

ရန်ကုန်          အောက်တိုဘာ          ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန်၊ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ရေမြောင်းများ အတွင်း အမှိုက်များ ပိတ်ဆို့မှု မရှိစေရန် ရည်ရွယ်၍ ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ခြင်း ကို ယမန်နေ့ နံနက် ၁၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများသည် နံ့သာကုန်းရပ်ကွက် လမ်းသစ်လမ်းမကြီး၊ အဝေရာလမ်းတွင် ရေစီးရေလာ ကောင်းမွန်ရေး အတွက် AE ဦးဟန်ကျင်မှ တာဝန်ယူ ဆောင်ရွက်နေသည့် မြောင်းဖော်ခြင်း လုပ်ငန်းခွင်၊ ကမ်းနား အလယ်ရပ်ကွက်၊ အ.ထ.က(၄)ကျောင်းရှေ့ Box Culvert များ ဆောင်ရွက်နေသည့် မြောင်းဖော်အုတ်စီ၊ မြောင်းဖုံး ဆောင်ရွက်နေသည့် လုပ်ငန်းခွင်များသို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို စစ်ဆေးခဲ့ပြီး စံချိန်စံညွှန်းများနှင့်အညီ အမြန်ပြီးစီးရေးကို တိုက်တွန်း ပြောကြားခဲ့သည်။

အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့်သက် ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)