ကျောက်မဲမြို့ရှိ Quarantine Center များရှိ မဲရုံတာဝန်ကျ ပညာရေးဝန်ထမ်းများနှင့် ကျန်းမာရေး စစ်ဆေးရေးဂိတ်အတွက် ပစ္စည်းများ ထောက်ပံ့

ကျောက်မဲ အောက်တိုဘာ ၂၄

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်နှင့်အတူ ရှမ်းပြည်နယ်(တောင်ကြီး)ရုံးမှ  လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထွန်းဦး၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ၊ ညွှန်ကြားရေးမှူးဦးစိုးနိုင်တို့လိုက်ပါလျက် ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်က ကျောက်မဲမြို့ အမှတ် (၁)၊ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းရှိ Quarantine Center များ၌ ရှိနေသော မဲရုံတာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများနှင့် မြို့အဝင်ရှိ ကျန်းမာရေးစစ်ဆေးရေး ဂိတ်အတွက်  ကျန်းမာရေး အထောက်အကူပြုများထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာ လ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ကျောက်မဲမြို့နယ်အတွင်းရှိ မဲရုံများ၌ တာဝန်ထမ်းဆောင်မည့် ပညာရေး ဝန်ထမ်း ၃၀၆ သည် ကိုဗစ်-၁၉ ရောဂါ အဖြစ်များသည့် ဒေသမှပြန်လာသည့် သူများဖြစ်သည့်အတွက် ကျောက်မဲမြို့ရှိ Quarantine Center များတွင် အသွားအလာ ကန့်သတ်နေထိုင်လျက်ရှိသည်။

အဆိုပါ ပညာရေးဝန်းထမ်းများအား ဗမာတိုင်းရင်းသားရေးရာဝန်ကြီးက အမျိုးသမီးသုံးပစ္စည်းအမျိုး ၂၀ ပါDignity Kit ၁၃၀ အိတ်၊  Mask  ၅၀ ဗူး, အဖျားတိုင်း ကိရိယာ ၁၆ ခု၊ Face Shield ၊ လက်အိတ် ၊ ဂလိုရင်းဆပ်ပြာ အစရှိသည့်ကျန်းမာရေးအထောက်အကူပြုပစ္စည်း ၁၁ မျိုးနှင့်  ကလေးကစားပစ္စည်း ၈ ဖာ တို့ကို ထောက်ပံ့ပေးခဲ့သည်။

အလားတူ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်နှင့် အဖွဲ့သည် ကျောက်မဲမြို့ အဝင် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် အသုံးပြုရန် အဖျားတိုင်းကိရိယာ ၄ ခုနှင့် Mask၊ Face Shiled ၊ ဆပ်ပြာမှုန့်များ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

မိုင်းထွန်း(ပြန်/ဆက်)