တာမွေမြို့နယ်၌ (Stay at Home ) ကာလအတွင်း မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာခြင်း မရှိစေရေး အသိပညာပေးခြင်းများ ဆောင်ရွက်

ရန်ကုန် အောက်တိုဘာ  ၂၄

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် (Stay  at  Home) ကာလအတွင်း ပြည်သူများအနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာခြင်း မရှိစေရေး အသိပညာပေးခြင်းကို ယနေ့ နံနက်ပိုင်း အချိန်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ ယာဉ်အသွား အလာများသည့် နေရာများနှင့် လမ်းဆုံလမ်းခွတို့တွင် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

"တာမွေမြို့နယ်ကနေ  အခြားမြို့နယ်ကိုပဲဖြစ်ဖြစ်၊ အခြားမြို့နယ်ကနေ တာမွေမြို့နယ်ကိုပဲဖြစ်ဖြစ် တာဝန်ထမ်းဆောင်ရန်ဖြစ်စေ၊ ကျန်းမာရေးကိစ္စကြောင့်ဖြစ်စေ ကူးသန်း သွားလာပါက ခိုင်လုံသော အထောက်အထားများ ပါရှိမှသာ ခွင့်ပြုသွားမှာဖြစ်ပြီး ပညာပေးကာလ ပြီးဆုံးပါက ခိုင်လုံသော အထောက်အထားများ မပြနိုင်လျှင် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမှာ ဖြစ်ပါတယ် " ဟု တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကိုကိုဖြိုးထံမှ သိရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)