ပင်လောင်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်

ပင်လောင်း နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂၀၂၃)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ အကြိုလှုပ်ရှားမှုအဖြစ် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့က ပင်လောင်းမြို့နယ် အခြေခံပညအထက်တန်းကျောင်း အမှတ်(၂)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းဆောင်ရွက်မှုတွင် KG တန်းမူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၄၀)ဦးအား သွားကျန်းမာရေးနှင့်ပတ်သက်၍ ကျန်းမာရေးပညာပေးခြင်း၊ သန်ကောင်ရောဂါ၊ သွေးအားနည်းရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးပညာပေးဟောပြောခြင်း၊ နည်းစနစ်မှန်မှန် လက်ဆေးခြင်းအား သရုပ်ပြခြင်း၊ သာမာန်တုပ်ကွေးရောဂါ (၁၆)ဦးနှင့် သွားရောဂါ (၄၅)ဦးအား ဆေးကုသမှုပေးခြင်းတို့ကို ဒေါက်တာခင်သိန်းထွေး(မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး) ဦးဆောင်မှုဖြင့် အခြေခံကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)