တန့်ယန်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်

တန့်ယန်း နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် Myanmar Public Health Conference (၂၀၂၃) မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း (Booster) ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက အမှတ် () အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ထိုးနှံပေးသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရီရီထွေး၊ အမှတ် () အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာလွင်နှင့် တာဝန်ရှိသူများက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အသက် (၁၂)နှစ် မှ (၁၈)နှစ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ(၃၃၉)ဦးအား ကျန်းမာရေး စစ်ဆေး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်း (Booster) ထိုးနှံပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)