မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်း ညောင်ရွှေ၌ ဖွင့်လှစ်

ညောင်ရွှေ နိုဝင်ဘာ ၂၉

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဖွင့်လှစ်သည့် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာလင်း က အဖွင့်အမှာစကားပြောကြားပြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူမွန်သိမ့်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၃၀ ဦးတက်ရောက်ပြီး သင်တန်းကာလမှာ နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၁ ရက်ထိ သုံးရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

နေမျိုးသူရိန်