ဆီဆိုင်မြို့နယ် ဘုရားဖြူကျေးရွာ ဓမ္မာရုံ၌ ခေတ္တခိုလုံရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာသူပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ကွင်းဆင်းဆောင်ရွက်ပေး

ဆီဆိုင် နိုဝင်ဘာ၂

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ကယားပြည်နယ်မှ ခေတ္တခိုလုံရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာသူပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုများကို ယနေ့နံနက် ၉ နာရီက နောင်ကျောကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာဓမ္မာရုံတွင် အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်ဆရာဝန်ကြီး၏ ကြီးကြပ်မှုဖြင့် ဆီဆိုင်မြို့ ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက ကယားပြည်နယ်မှ ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာဓမ္မာရုံတွင် ခေတ္တခိုလုံရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာသူပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကျန်းမာရေးကုသစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခြင်းတို့ကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။    

မျိုးမြတ်(ဆီဆိုင်)