နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ ချပြရှင်းလင်းခြင်းဆောင်ရွက်

မိုင်းယောင်း နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ၊ ရည်မှန်းချက်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ ချပြရှင်းလင်းခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းနိုင်က အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးသက်ဆွေက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ၊ ရည်မှန်းချက်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား Power Point ဖြင့် အကျယ်တဝင့် ချပြရှင်းလင်းခြင်းကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ အခမ်းအနားကို ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးကျော်ခိုင်နှင့် ခရိုင်/မြို့နယ်/မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ အရာထမ်း/အမှုထမ်း(၆၈)ဦး တက်ရောက်ခဲ့သည်။

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် မုန်းလိုက်အုပ်စု၊ မုန်းလိုက်ကျေးရွာ နမ့်ပုန်းချောင်းတွင်လည်းကောင်း၊ ဟိုဒုံးကျေးရွာ နမ့်ယောင်းချောင်းတွင်လည်းကောင်း၊ ကျိုင်းကုန်းအုပ်စု၊ ဆွတ်ပလောင်း(ရွာဟောင်း)ကျေးရွာ နမ့်ယောင်းချောင်းတွင်လည်းကောင်း ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မည့် နေရာများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နယ်စပ်ဒေသနှင့်တိုင်းရင်းလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစိုးပိုင်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမင်းမင်းအောင်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်မှူးဦးနီစိုးကျော်၊ မြို့မိမြို့ဖများ၊ ခန်လွန်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ မုန်းလိုက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမူးနှင့် စာရေး စုစုပေါင်း (၁၈)ဦးတို့နှင့်အတူ ကွင်းဆင်းတိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းမြင့်လှိုင်