တန့်ယန်းမြို့နယ်၌ ယာယီနေရပ်စွန့်ခွာသူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်

တန့်ယန်း နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် Myanmar Public Health Conference (၂၀၂၃) မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယာယီနေရပ်စွန့်ခွာသူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ယမန်နေ့ မွန်းလွဲညနေပိုင်းက “ဝ” စာပေနှင့်ယဉ်ကျေးမှုခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရီရီထွေးနှင့် တာဝန်ရှိသူများက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဌာန ဝန်ထမ်းများက ယာယီနေရပ်စွန့်ခွာသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ဆေးဝါးအခမဲ့ ပြုစုကုသခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)