တန့်ယန်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာသူများအား စားသောက်ဖွယ်ရာများ ကျွေးမွေးလှူဒါန်း

တန့်ယန်း နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာသူများအား စေတနာရှင်အလှူရှင်များ၊ လူမှုကူညီရေးအဖွဲ့များမှ စားသောက်ဖွယ်ရာနှင့် လူသုံးကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းရာတွင် ယမန်နေ့ ညနေပိုင်းက စားသောက်ဖွယ်ရာများ လှူဒါန်းခဲ့သည်။

အဆိုပါ ယာယီနေရပ်စွန့်ခွာသူများအား စားသောက်ဖွယ်ရာများ ချက်ပြုတ်ကျွေးမွေး လှူဒါန်းရာတွင် အမှတ်(၂) ရပ်ကွက်နေ ဦးစိုင်းနောင့် + ဒေါ်နန်းလောဝ်ဟွမ် (လောဝ်လျှန်းဆိုင်) ပွဲရုံ မိသားစုနှင့် စေတနာရှင် အလှူရှင်များ စုပေါင်း၍ စားသောက်ဖွယ်ရာများကို ချက်ပြုတ်ကျွေးမွေး လှူဒါန်းခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)