လားရှိုး နိုဝင်ဘာ ၂၈
လားရှိုးမြို့တွင် ရောက်ရှိနေသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်၊ မူဆယ်ခရိုင်၊ လောက်ကိုင်ခရိုင်၊ ဟိုပန်ခရိုင်များမှ ယာယီနေရပ်စွန့်ခွာဝန်ထမ်းများ စားသောက်ရေးအဆင်ပြေစေရေးအတွက် စားနပ်ရိက္ခာများကို ယမန်နေ့နံနက်ပိုင်းက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယာယီနေရပ်စွန့်ခွာဝန်ထမ်းများအတွက် လားရှိုးမြို့နေ အလှူရှင် ဦးသူရိန်အောင်၏ လှူဒါန်းထားမှုကို ၎င်း၏ကိုယ်စား လားရှိုးခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင်က ယာယီနေရပ်စွန့်ခွာဝန်ထမ်းများထံ ဆန်၊ ဆီ၊ ကုလားပဲများကို ပေးအပ်လှူဒါန်း ပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
စေတနာရှင် အလှူရှင် ဦးသူရိန်အောင် လှူဒါန်းသည့် ဆန် (၅) အိတ်၊ ဆီ (၁) ပုံး၊ ကုလားပဲ (၁၅) ပိဿာတို့ကို လားရှိုးမြို့တွင် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာဝန်ထမ်းများအတွက် ဆက်လက်ခွဲဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)