လားရှိုး နိုဝင်ဘာ ၂၈
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့သို့ ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာသူများကို စေတနာရှင် အလှူရှင်များက ထမင်းထုပ်များ၊ ရေများနှင့် မုန့်များပေးဝေလှူဒါန်းလျက်ရှိနေကြောင်း သိရသည်။
လားရှိုးမြို့သို့ လောက်ကိုင်၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ သိန္နီမြို့များမှ ဒေသခံအများအပြားသည် ယာယီနေရပ်စွန့်ခွာရန် တောလမ်းများမှတစ်ဆင့် ရောက်ရှိလာခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ လောက်ကိုင်မြို့ကနေ လားရှိုးအထိ တောလမ်းအတိုင်း လမ်းလျှောက်လာခဲ့ကြရတာပါ။ လမ်းမှာရောက်တဲ့နေရာ ညအိပ်ကြတယ်။ လမ်းလျှောက်လာတဲ့သူတွေကလည်းများတော့ လမ်းမှာရောက်တဲ့နေရာ ညအိပ်ရပ်နားကြရတာပါပဲ။ အခုကျွန်တော်တို့ လားရှိုးကနေ နေရပ်ကို ပြန်ဖို့အတွက် ခရီးဆက်ရဦး မှာပါ။” ဟု ယာယီနေရပ်စွန့်ခွာသူတစ်ဦးကပြောသည်။
ယာယီနေရပ်စွန့်ခွာသူများသည် လားရှိုးမြို့မှတစ်ဆင့် ၎င်းတို့၏နေရပ်များဆီသို့ ဆက်လက်ခရီးဆက် ပြန်ကြမည်ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)