ဟိုပုံးမြို့နယ်တွင်၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ESAP ဖြင့် ဆောင်ရွက်သည့် ရေရရှိရေးလုပ်ငန်းပြီးစီးမှုအား ကွင်းစစ်ဆေး

ဟိုပုံး၊ အောက်တိုဘာ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် Eastern States Agri-Bussiness Project (ESAP) တို့ပူးပေါင်းဆောင်ရွက်သည့် ကုန်းကျိုင်းကျေးရွာအုပ်စု၊ ဟိုလိကျေးရွာ ကျေးလက် ရေသွယ်ခြင်းလုပ်ငန်းဖြစ်သည့် စိမ့်စမ်းရေသွယ်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား ယနေ့နံနက် က ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တောင်ကြီးမြို့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နော်မူးခိုဖော၊ တောင်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရန်မျိုးနိုင်၊ ဟိုပုံးမြိုနယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလွင်မြင့်နှင့် ဝန်ထမ်းများက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေကျပ်(၁၁ ဒသမ ၇၇၃)သန်းဖြင့် ထွန်းကြယ်စင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း(၁/၀)မိုင်ဆောင်ရွက်ပြီစီးမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြ ကြောင်း သိရသည်။ အဆိုပါ ဟိုလိကျေးရွာတွင် အိမ်ခြေ(၁၁၀)၊ လူဦးရေ(၄၉၆)ဦးအား သောက်သုံး ရေလွယ်ကူအဆင်ပြေစေရန်အတွက်ကျေးရွာအတွင်း အိမ်တိုင်ရာရောက်ရေသွယ်ယူနစ် (၅၉၀၀') ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာတာဝန်ရှိသူများနှင့်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နေမင်းထွန်း(ဟိုပုံး)