ဝမ်းတွင်း နိုဝင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ တန်ခိုးကြီးစေတီပုထိုးများတွင် ကောင်းမှုကုသိုလ်ပြုလုပ်သူများ၊ ဘုရားဖူးသူများဖြင့် တန်ဆောင်မုန်းလပြည့်နေ့ကို အေးချမ်းစွာဖြင့် ကျင်းပလျက်ရှိကြသည်။
၁၃၈၅ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့တွင် မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကထိန်သင်္ကန်းများ ကပ်လှူခြင်း၊ စတုဒိသာများ ကျွေးမွေးခြင်းစသည့် ကောင်းမှုကုသိုလ်များအား ဆောင်ရွက်ခဲ့ကြပြီး သမိုင်းဝင်စေတီ ပုထိုးများတွင်လည်း ဓမ္မစကူးအသင်းအဖွဲ့များက ပရိတ်တရားများအား ရွတ်ဆိုကြခြင်း၊ အလှူရှင်များက အာဟာရကုသိုလ်များပြုခြင်း၊ မီးပုံးပျံများလွတ်တင်ခြင်း၊ ဘုရားဖူးပြည်သူများနှင့် စည်ကားလျက်ရှိကြသည်။
ဝမ်းတွင်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ၁၃၈၅ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့၌ သမိုင်းဝင် မြတ်ညီနောင်စေတီတော်၊ သိမ်တောင်စေတီတော်မြတ်ကြီး၊ မြဘုန်းရှင် စေတီတော်မြတ်ကြီးတို့တွင် ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် တရားဘာဝနာပွားများခြင်း၊ ဆီမီး၊ ပန်း၊ ရေချမ်း ကပ်လှူသူများ၊ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)