ဂွမြို့၊ နန္ဒရံသီကင်းရုံးဘုန်းတော်ကြီးကျောင်းတွင် တန်ဆောင်မုန်းလပြည့်ည၌ မီးပုံးအလုံး(၃၀)နှင့်တစ်ပြိုင်နက် မီးပုံးကြီးများလွှတ်တင်ပွဲကျင်းပ

ဂွ နိုဝင်ဘာ ၂၈

ရခိုင်ပြည်နယ်၊ ဂွမြို့၊ နန္ဒရံသီကင်းရုံးဘုန်းတော်ကြီးကျောင်းတွင် တန်ဆောင်မုန်းလပြည့်ည၌ မီးပုံးအလုံး(၃၀) တစ်ပြိုင်နက်လွှတ်တင်ခြင်းနှင့် မီးပုံးကြီးများလွှတ်တင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။

ဂွမြို့၊ နန္ဒရံသီကင်းရုံးဘုန်းတော်ကြီးကျောင်းတွင် (၆၈)ကြိမ်မြောက် မဟာဘုံကထိန် အထိမ်းအမှတ်အဖြစ် တန်ဆောင်မုန်းလပြည့်နေ့ည၌ မီးပုံးအလုံး(၃၀)နှင့်တစ်ပြိုင်နက် မီးပုံးကြီးများလွှတ်တင်ပွဲကို ကျင်းပပြုလုပ် ခဲ့ကြကြောင်းနှင့် လပြည့်ကျော်(၁)ရက်နေ့တွင်လည်း ထိုသို့မီးပုံးလွှတ်တင်ပွဲကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်