တန့်ယန်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာသူများအား နေရပ်ပြန်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်

တန့်ယန်း နိုဝင်ဘာ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်သို့ ရောက်ရှိလာသော ယာယီနေရပ်စွန့်ခွာသူများအား မြို့ဝင်မုခ်ဦး၌ နွေးထွေးစွာကြိုဆိုကြ၍ ယာယီစခန်းများ၌ စနစ်တကနေရာချထားပေးပြီး ကျန်းမာရေးပြုစုစောင့်ရှောက်သည့်အပြင် နေရပ်ဒေသအသီးသီးသို့ ပြန်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးသည်။

အဆိုပါ ယာယီနေရပ်စွန့်ခွာသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိဌာနဆိုင်ရာများက နွေးထွေးစွာကြိုဆိုကြကာ ယာယီ စခန်းများ၌ စနစ်တကျနေရာချထားပေး၍ စားရေးသောက်ရေး၊ နေရေးထိုင်ရေးများကို စီစဉ်ဆောင်ရွက်ပေးပြီး နေရပ်ဒေသအသီးသီးသို့ ပြန်နိုင်ရေးအတွက် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)