မိုင်းရှူး နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် (၆၅)ကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန် လှည့်လည်အပူဇော်ခံပွဲကို ယနေ့ နံနက် ၈ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ လုပ်ငန်းရှင်များ၊ စျေးသူ၊ စျေးသားများ၊ ယာဉ်လိုင်းများနှင့် အခြားအလှူရှင်ပြည်သူများက စုစုပေါင်း (၄၂၆၀၃၅၀၀)ကျပ်တန်ဖိုးရှိ ပဒေသာပင်(၂၈)ပင်အား အမှတ်(၄)ရပ်ကွက် ဟံသာမုနိ မြို့လယ်ဘုရားကြီးကျောင်းတိုက်မှစတင်၍ အိုးစည်၊ ဒိုးပတ်၊ တိုင်းရင်းသားရိုးရာ အက၊ အလှများဖြင့် တီးမှုတ်ကခုန်ပြီး လမ်းမကြီးတလျှောက် မြို့တွင်းလှည့်လည် အပူဇော်ခံပြီး ယင်းပဒေသာပင်များကို အမှတ်(၄)ရပ်ကွက်၊ ဟံသာမုနိဘုရားကြီးကျောင်းတိုက်နှင့် မြို့ပေါ်ရှိ ကျောင်းတိုက်ဆရာတော်၊ သံဃာတော်ထံတို့ ရေစက်ချတရားနာ လှူဒါန်းသွားမည်ဖြစ်သည်။
အဆိုပါ ဘုံကထိန်ပွဲတော်ကို အေးချမ်းစွာကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်နှင့် မီးသတ်ဖွဲ့ဝင်များက လုံခြုံရေးများ လိုက်လံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)