ငါန်းဇွန်မြို့၌ ရွှေရပ်သာမြတ်စွာဘုရား ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းလောင်းလှူပူဇော်ပွဲကျင်းပ

ငါန်းဇွန်    နိုဝင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၃)ရပ်ကွက်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ရွှေရပ်သာမြတ်စွာဘုရားဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းကြီးလောင်းလှူ ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေရပ်သာမြတ်စွာဘုရား ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းကြီးလောင်းလှူပူဇော်ပွဲ၌ မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်း (၁၉)ကျောင်းမှ သံဃာတော်အရှင်သူမြတ်တို့အား ဒေသခံပြည်သူများက ဆွမ်း၊ ဟင်းလျာများ လောင်းလှူပူဇော်ကြပြီး ဘုရားဝင်းအတွင်းရှိ ပဋ္ဌာန်းဟော ရွှေကျောင်းတော်အတွင်းတွင် သဲဖြူကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဥတ္တမထံ သီလခံယူဆောက်တည်၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။            

သက်နောင်ဦး(ငါန်းဇွန်)