တောင်သာမြို့၌ သံဃာအပါး(၁၄၂)ပါးအား တန်ဆောင်မုန်းလပြည့်အခါသမယနေ့တွင် ဆွမ်းလောင်းလှူဒါန်းပွဲ ပြုလုပ်

တောင်သာ နိုဝင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် မင်းစုရပ်ကွက်အတွင်းရှိ ပြည်လုံးအောင်ချမ်းသာ ဘုရားဝန်းအတွင်း ရဟန်းသံဃာ အပါး(၁၄၂)ပါးအား ဆွမ်းလောင်းလှူဒါန်းပွဲကို တန်ဆောင်မုန်း လပြည့်အခါသမယနေ့ နံနက်(၅)နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွမ်းလောင်းလှူဒါန်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်သူရ၊ အဖွဲ့ဝင်များ ဖြစ်ကြသော ဗိုလ်မှူးငြိမ်းချမ်းဦး၊ ဦးမိုးကျော်နှင့် ရဲမှူးမြင့်သိန်းတို့ ဦးဆောင်၍ မြို့နယ် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများနှင့် ပူးပေါင်း၍ သံဃာတော် အပါး (၁၄၂) ပါးအား ဆွမ်းလောင်းခြင်းသံဃာတော်များအား တစ်ပါးလျင် ဝတ္ထူငွေကျပ် (၂၀၀၀) နှုန်းဖြင့် ဆပ်ကပ်လှူဒါန်းခြင်း၊ လျှပ်စစ်မီးများ ပူဇော်နိုင်ရန် ဝတ္ထုငွေများ လှူဒါန်းခဲ့ကြောင်းနှင့် တန်ဆောင်မုန်းလပြည့် အခါသမယနေ့တွင် ပြည်သူများ စိတ်အေးချမ်းသာစွာ ဥပုဒ်သီလ စောင့်တည်ခြင်း၊ ဆီမီးပူဇော်ခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)