ပုံပါကျင်မြို့၌ တန်ဆောင်မုန်းလပြည့်‌ သာမညဖလအခါ‌တော်နေ့တွင် သံဃာတော်(၈၃)ပါးအား မြို့လုံးကျွတ်ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပ

ပုံပါကျင် နို၀င်ဘာ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့၊မြို့မဘုန်းကြီးကျောင်းတွင် မိုင်းတုံစစ်အ‌ခြေချဗျူဟာမှ ဗိုလ်မှူးစိုးမိုးဇော်ဦးဆောင်၍ မြို့ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများက ယနေ့နံနက် ၆ နာရီခွဲက တန်ဆောင်မုန်းလပြည့် သာမညဖလ အခါ‌တော်နေ့တွင် သံဃာတော်(၈၃)ပါးအား နေ့ဆွမ်းဆန်‌တော်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့နောက် တန်ဆောင်မုန်းလပြည့် သာမညဖလအခါ‌တော်နေ့ နံနက် ၆ နာရီခွဲအချိန်တွင် အမှတ်(၅)ရပ်ကွက်မှ စတင်၍ အမှတ်(၃)ရပ်ကွက်အတွင်း လှည့်လည်ကာ ဆွမ်းဆန်တော်လောင်းလှူခဲ့ကြောင်း သိရသည်။

အိအိဖြိုး(ပြန်/ဆက်)