နမ့်စန်တွင် (၆၁)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

နမ့်စန်() နိုဝင်ဘာ ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၆၁)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် လှည့်လည်အပူဇော်ခံပွဲကို ယမန်နေ့ နေ့လည် နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်()ခု၊ လူမှုရေး အသင်းအဖွဲ့များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ အခြေခံပညာကျောင်းများ၊ လုပ်ငန်းရှင်များ၊ ယာဉ်လိုင်းများနှင့် အခြားအလှူရှင် ပြည်သူများက မိမိတို့၏ ကထိန်ပဒေသာပင် စုစုပေါင်း (၆) ကျော်ကို အမှတ်() ရပ်ကွက် မြို့ဦး သီရိမင်္ဂလာကျောင်းတိုက်ရှေ့မှ စတင်ကာ အိုးစည်၊ ဒိုးပတ်၊ တိုင်းရင်းသားရိုးရာ အကအလှများဖြင့် တီးမှုတ်ကခုန်ပြီး ပြည်ထောင်စုလမ်းမကြီးတလျှောက် မြို့တွင်း လှည့်လည် အပူဇော်ခံခဲ့ကြပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်း၍ အေးချမ်းစွာ လှည့်လည် အပူဇော်ခံနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့များနှင့် ယာဉ်ထိန်းတပ်ဖွဲ့များက ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ပဒေသာပင်များကို တန်ဆောင်မုန်းလပြည့်နေ့ နေ့လည် ၁နာရီတွင် မြို့နယ်ခန်းမ၌ သံဃာတော် အရှင်သူမြတ်တို့ထံတွင် ရေစက်ချတရားနာ၍ မဲနှိုက်ကာ အလှူရှင်များက မိမိတို့ မဲပေါက်သော ဘုန်းကြီးကျောင်းများသို့ သွားရောက် ပို့ဆောင်လှူဒါန်းကြမည် ဖြစ်ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)