မိုင်းပန်မြို့နယ်၌ တန်ဆောင်မုန်းလပြည့်နေ့ ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲ ကျင်းပ

မိုင်းပန် နိုဝင်ဘာ ၂၇

သာသနာတော်နှစ် ၂၅၆၇ခု၊ ကောဇာသက္ကရာဇ် ၁၃၈၅ခု တန်ဆောင်မုန်းလပြည့်နေ့၌ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ဆွမ်းဆန်‌စိမ်း လောင်းလှူပူဇော်ပွဲကို ယနေ့နံနက် ၆ နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါ ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲတွင် မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များနှင့် မယ်သီလရှင် စုစုပေါင်း (၃၆၆)ပါးတို့က မြို့နယ်အရှေ့ရပ်ကွက် ညောင်ကိုးပင်ဘုန်းတော်ကြီးကျောင်းမှ အနောက်ရပ်ကွက် မွေတော်ပရိယတ္တိစာသင်တိုက်သို့ လမ်းမကြီးတစ်လျှောက် လှည့်လည်ပူဇော်ခံခဲ့ကြရာ မြို့နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့မိသားစုဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် စေတနာရှင် အလှူရှင်များက စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။

နော်မှိုင်း(ပြန်/ဆက်)