ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မြစ်သား         အောက်တိုဘာ  ၂၄

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျေးရွာ မတည်ရန်ပုံငွေ (VRFP) စီမံကိန်းချေးငွေဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် ကြောင်ပန်းကုန်း ကျေးရွာသို့ တာဝန်ရှိသူများက ယမန်နေ့ညနေ(၃)နာရီအချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် ရန်ပုံငွေအား ထုတ်ချေးခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးမှ ပြောသည်။

အဆိုပါ ကျေးရွာမတည်ရန်ပုံငွေ (VRFP)စီမံကိန်းချေးငွေဖြင့် ကြောင်ပန်းကုန်းကျေးရွာမှ စိုက်ပျိုး ရေးလုပ်ငန်းလုပ်ကိုင်သူ(၄၇)ဦး၊  မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၂၁)ဦးနှင့် အရောင်းအဝယ် အတွက် (၇)ဦး၊ စုစုပေါင်း(၇၅)ဦးတို့အတွက် ချေးငွေစုစုပေါင်းသိန်း(၂၀၀)ကျပ်ကို (၅−၈−၂၀၂၀) ရက်နေ့တွင် ထုတ်ချေးပေးခဲ့ပြီး ၎င်းချေးငွေဖြင့်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေတို့ကို မြစ်သားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးကိုကိုအောင်နှင့် ဝန်ထမ်းများက ကွင်းဆင်း၍ ကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆုမွန်(ပြန်/ဆက်)