မောက်မယ်မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၂၂၁၉၀)ဦးရှိ

မောက်မယ်   အောက်တိုဘာ  ၂၄

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်နှစ်ခုမှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ (၂၂၁၉၀)ဦးရှိကြောင်း မောက်မယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ နောက်ဆုံးအကြိမ်ထုတ်ပြန် ကြေညာသည့် မဲဆန္ဒရှင်စာရင်းများအရ သိရသည်။ 

မောက်မယ်မြို့နယ်အတွင်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်၊ လွတ်တော်(၃)ရပ်အပြင် တိုင်းရင်းသားလူမျိုးများ မဲဆန္ဒနယ်အတွက် ဗမာတိုင်းရင်းသား (၁၁၂၃)ဦး၊ အင်းသားတိုင်းရင်းသား (၄၁)ဦး၊ ကချင် တိုင်းရင်းသား (၉)ဦး၊ လားဟူတိုင်းရင်းသား(၂)ဦး၊ လီဆူးတိုင်းရင်းသား (၄)ဦး ၊ ကယန်း/ပဒေါင် တိုင်းရင်းသား (၁၃၈)ဦး ၊ အခါတိုင်းရင်းသား(၁)ဦး ရှိကြောင်းနှင့် မောက်မယ်မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၂၂၁၉၀)ဦး ရှိပြီး မဲဆန္ဒနယ်အမှတ်(၁) တွင် မဲရုံ (၁၉)ရုံ၊ မဲဆန္ဒနယ်အမှတ်(၂)တွင် မဲရုံ (၁၃)ရုံ စုစုပေါင်းမဲရုံ (၃၂) ရုံ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

စိုင်းမျိုးသန့် (မောက်မယ်)