မိတ္ထီလာ နိုဝင်ဘာ ၂၆
မိတ္ထီလာမြို့၌ ၂ဝ၂၃ ခုနှစ် စာဆိုတော်နေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရေးစပ်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပမည်ဖြစ်ပြီး နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲအား စာဆိုတော်နေ့ဖြစ်ပေါ်လာပုံ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ယင်းနေ့တွင် အထက်တန်းအဆင့် ကဗျာရေးစပ်ပြိုင်ပွဲကို စာဆိုတော်နေ့ ဂုဏ်ပြုကဗျာ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို စာပေမြင့်မှ လူမျိုးတင့်မည်၊ စာအုပ်စာပေ လူ့မိတ်ဆွေ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူး၊ အလိမ္မာစာမှာရှိ ခေါင်းစဉ်များဖြင့်ကို မဲနှိုက်ရွေးချယ်၍ လည်းကောင်း ကျင်းပမည်ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်လိုသော ကျောင်းသူကျောင်းသားများအနေဖြင့် မြို့နယ်ပညာရေးမှူးရုံးသို့လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သို့လည်းကောင်း သက်ဆိုင်ရာကျောင်းများ၏ တာဝန်ရှိသူများမှတစ်ဆင့် နိုဝင်လာဘာလ ၂၉ ရက်နေ့ နောက်ဆုံးထား၍ ဆက်သွယ်စာရင်းပေးသွင်း ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
ချမ်းသာ