ဆိပ်ကြီးခနောင်တို အောက်တိုဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများနှင့် (Quarantine Center) များတွင် အများပြည်သူအတွက် စွန့်စွန့်စားစား အားတက်သရော ပါဝင်ဆောင်ရွက်နေသည့် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့ဝင်များအား ချီးမြှင့်ငွေနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် (၁၀)က ဆိပ်ကြီးအရှေ့ရပ်ကွက်၊ ရှုခင်းသာမြို့ပတ်လမ်းရှိ ထ(ခွဲ) အလက (၂)ကျောင်း (Quarantine Center) ကွပ်ကဲရေးရုံးတွင် ပြုလုပ်ခဲ့သည်။
ထောက်ပံ့ပေးအပ်ရာတွင် အ-ထ-က(ခနောင်တို)နှင့် အ-မ-က(၁၀) (Quarantine Center) (၂)ခုတွင် စေတနာ့ဝန်ထမ်းဆောင်ရွက်နေသည့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များအတွက် ဆန်(၃)အိတ်၊ ဆီ (၅၀)သားဘူး (၂၀)ဘူးနှင့် ကြက်ဥ အလုံး(၁၅၀)၊ မြို့နယ် (သန္ဓေ) မီးသတ်တပ်ဖွဲ့ဝင်များအတွက် ဆန်(၁)အိတ်၊ ဆီ(၅၀)သားဘူး (၅)ဘူးနှင့် ကြက်ဥအလုံး(၈၀)ကိုလည်ကောင်း၊ ဆမားဒူးဝါး ရပ်ကွက်ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေ ကျပ်(၆၀၀၀၀/-)နှင့် ဆန်(၂)အိတ်၊ ဆီ(၅၀)သားဘူး (၁၀)ဘူး၊ ကြက်ဥအလုံး(၁၀၀)၊ ထ(ခွဲ)အ-လ-က(၂)ကျောင်း (Quarantine Center)ရှိ မီးသတ်တပ်ဖွဲ့ဝင်များအတွက် ဆန်(၁)အိတ်၊ ဆီ(၅၀)သားဘူး (၅)ဘူး၊ ကြက်ဥအလုံး(၅၀)ကိုလည်းကောင်း၊ ဆိပ်ကြီးအနောက်ရပ်ကွက် အ-မ-က(၂)ကျောင်း (Quarantine Center)ရှိစေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့အတွက် ဆန်(၁)အိတ်၊ ဆီ(၅၀)သားဘူး(၅)ဘူးနှင့် ကြက်ဥအလုံး(၅၀)ကိုလည်းကောင်း၊ ပန်းပင်ချောင်ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ အတွက် ဆန်(၁)အိတ်၊ ဆီ(၅၀)သားဘူး (၅)ဘူးနှင့် ကြက်ဥအလုံး(၅၀)၊ ဦးထွန်းအို ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် ဆန်(၁)အိတ်၊ ဆီ(၅၀)သားဘူး (၅)ဘူးနှင့် ကြက်ဥအလုံး(၅၀)၊ မြို့နယ်ရှိ ရှင်ရေးကူညီမှုအသင်း လူနာတင် မော်တော်ယာဉ်မှူးများအတွက် ဆန်(၁)အိတ်၊ ဆီ(၅၀)သားဘူး (၅)ဘူးနှင့် ကြက်ဥအလုံး (၅၀)တို့ကို ဆိပ်ကြီးခနောင်တိုမြို့နယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး အထောက်အကူပြုကော်မတီ တာဝန်ရှိသူများက သက်ဆိုင်ရာ ပရဟိတအဖွဲ့များအား ထောက်ပံ့ပေး ခဲ့ကြောင်းနှင့် ထောက်ပံ့မှု စုစုပေါင်းတန်ဘိုးမှာ ငွေကျပ် (၇၂၃,၀၀၀/-) ရှိကြောင်း သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)