ပေါင်မြို့နယ်၌တိရစ္ဆာန်ကောင်ရေစာရင်းသွင်းခြင်း လုပ်ငန်းများဆောင်ရွက်

ပေါင်       နိုဝင်ဘာ       ၂၅

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကောင်ရေ  စာရင်းသွင်းခြင်းလုပ်ငန်းကို နိုဝင်ဘာလ (၂၅)ရက်နေ့အထိ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့စာရင်းသွင်းရာတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ  လက်ထောက် ညွှန်ကြားရေးမှူးဒေါက်တာသက်နိုင်နှင့် ဦးစီးအရာရှိ ဒေါက်တာကျော်ရဲအောင်တို့၏ ဦးဆောင်မှုဖြင့် စာရင်းသွင်းခြင်းကို နိုဝင်ဘာလ (၂၄)ရက်နေ့ အထိမြို့ပေါ်ရပ်ကွက် (၂)ခုနှင့်ကျေးရွာပေါင်း(၂၂)ရွာရှိ အိမ်ထောင်စု (၅၈၉၁) စုအတွက်  တိရစ္ဆာန်ကောင်ရေ (၃၈၅၀)ဦးကို ကွန်ပျူတာနှင့်သော်လည်းကောင်း၊ ဖုန်းနှင့်လည်းကောင်း စာရင်းသွင်း ကောက်ယူလျက်ရှိသည်။ အဆိုပါ စာရင်းကောက်ယူခြင်းလုပ်ငန်းအား နိုဝင်ဘာ (၁)ရက်နေ့မှ စတင်ကာ ဒီဇင်ဘာ (၃၁)ရက်နေ့အထိ (၂)လတာအတွင်း တစ်မြို့နယ်လုံး စာရင်းကောက်ယူခြင်း လုပ်ငန်းအား ပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်း လုပ်ငန်းသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူဆောင်ရွက်ခြင်းဖြစ်ပြီး တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းဖြင့် နိုင်ငံအတွင်းရှိ နှစ်အလိုက် တိရစ္ဆာန်ကောင်ရေ စာရင်းအား ခန့်မှန်းအတည်ပြုနိုင်ခြင်း၊ ဒေသအလိုက် စားသုံးမှုအား ခန့်မှန်းတွက်ချက်နိုင်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်အားလိုအပ်ချက်နှင့်အညီ မွေးမြူထုတ်လုပ်မှု အစီအမံများ ချမှတ်ရေးဆွဲနိုင်ခြင်းစသော အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)