မရမ်းကုန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

လှိုင် နိုဝင်ဘာ ၂၅

မရမ်းကုန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၂၅)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီအချိန်က လှိုင်မြို့နယ် ရန်ကုန်ယူနိုက်တက် ဘောလုံးကွင်း၌ ကျင်းပသည်။

ဗိုလ်လုပွဲတွင် လှိုင်မြို့နယ်အသင်းနှင့် မြောက်ဥက္ကလာအသင်းတို့ ယှဥ်ပြိုင်ကစားကြရာ မြောက်ဥက္ကလာပအသင်းက (၃)ဂိုး(၂) ဂိုးဖြင့် အနိုင်ရရှိခဲ့ သည်။ ဆုပေးပွဲကို ဆက်လက်ကျင်းပရာ နေရာအလိုက် အကောင်းဆုံးဆုရရှိသူများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကြည်ဝင်း၊ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်ကျော်၊ လှိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းလတ်၊ မရမ်းကုန်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးရဲဝင်းအောင်၊ မြောက်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမင်းမင်းဦးတို့က တတိယဆုရရှိသော မရမ်းကုန်းမြို့နယ်အသင်းအား ငွေသားဆုကျပ်နှစ်သိန်းနှင့် တစ်ဦးချင်း ဆုတံဆိပ်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီး ဖြိုးအောင်ဟိန်း ကလည်းကောင်း၊ ဒုတိယဆုရရှိသော လှိုင်မြို့နယ်အသင်းအား ငွေသားဆုကျပ်သုံးသိန်းနှင့် တစ်ဦးချင်းဆုတံဆိပ်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ခိုင်ကလည်းကောင်း၊ ပထမဆုရရှိသော မြောက်ဥက္ကလာပအသင်းအား ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်က ငွေသားဆုကျပ်ငါးသိန်း၊ တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုဖလားကို လည်းကောင်း ချီးမြှင့်ပေးအပ်သည်။ ပြိုင်ပွဲကို မရမ်းကုန်းခရိုင်အတွင်းရှိ မရမ်းကုန်း၊ မြောက်ဥက္ကလာပနှင့် လှိုင်မြို့နယ်တို့မှ အသင်းများ ပါဝင်ယှဥ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)