မှော်ဘီ နိုဝင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ မော်ပီဆရာသိန်း စာကြည့်တိုက် (၁၀)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မော်ပီဆရာသိန်း စာကြည့်တိုက်၌ ကျင်းပ သည်။
အခမ်းအနားတွင် မော်ပီဆရာသိန်း စာကြည့်တိုက်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ ဩဝါဒစရိယ ဆရာတော်ဘဒ္ဒန္တအာစိဏ္ဏ (နန်းမြင့်နွယ်-ညောင်လေးပင်)မှ ဩဝါဒကထာ မြွက်ကြားခြင်း၊စာကြည့်တိုက် နာယက ဦးနေလင်း(မောင်ချိုဝေ)မှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂)ဦးထင်ကျော်မှ မုဒိတာစကားပြောကြားခြင်း၊ မှော်ဘီမြို့နယ် စာရေးဆရာအသင်းအလုပ်အမှုဆောင် ဆရာဦးထွန်းတင်မြင့် (တစ်မိုးအောက်)နှင့် ဝါးနက်ချောင်းအုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းတို့က အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မော်ပီဆရာသိန်းစာကြည့်တိုက် (၁၀)နှစ်ပြည့် အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့်တို့၌ ပထမ၊ ဒုတိယ၊ တတိယဆုရများရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။
ဝင်းဇော်