လွိုင်လင်မြို့တွင် (၇၅) ကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်းဘုံကထိန်စီတန်းလှည့်လည်

လွိုင်လင် နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့တွင် (၇၅) ကြိမ်မြောက် တပ်နယ်နှင့်ဌာနဆိုင်ရာ စုပေါင်းဘုံကထိန်မြို့တွင်းသို့ လှည့်လည်ခြင်းကို ယမန်နေ့မွန်းလွဲ (၁) နာရီက စုရပ်ဖြစ်သည့် မြို့လယ်သာသနာ့‌ဗိမာန်ဓမ္မာရုံရှေ့မှစတင်၍ စီတန်းလှည့်လည်ကြသည်။

ထို့သို့စီတန်းလှည့်လည်ရာတွင် သာသနာ့ဗိန်မာန်မှ မင်းလမ်းသို့လည်းကောင်း၊ ထိုမှတစ်ဆင့် အနောက်ကျောင်းလမ်းမှ သုခလမ်းသို့လည်းကောင်း၊ သုခလမ်းမှ ဘုရင့်နောင်လမ်း၊ မွေတော်ကျောင်းလမ်းမှတစ်ဆင့် လွိုင်လင်-တောင်ကြီး ပြည်ထောင်စုလမ်းမကြီးမှ သာသနာ့ဗိမာန်သို့ ပြန်လည်ဝင်ရောက်ပါသည်။ ယနေ့ စုပေါင်းစုဘုံကထိန်စီတန်းလှည့်လည်ခြင်းတွင် ပ‌ဒေသာပင်ပေါင်း (၃၀)ပင်ရှိပြီး မြို့ပေါ်ရှိကျောင်းတိုက်အသီးသီးသို့ မဲနှိုက်လှူဒါန်းခြင်း၊ လှူဒါန်းမှုတို့အတွက် ရေစက်ချတရားနာယူခြင်းကို နိုဝင်ဘာလ ၂၅ ရက်နေ့တွင် သာသနာ့ဗိမာန်ကြီးတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)