မဟာအောင်မြေ နိုဝင်ဘာ ၂၄
မန္တလေးတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် နေ့သင်တန်းများ ယမန်နေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိသည်။
အဆင့်မြင့်ပညာဦးစီးဌာန မန္တလေးတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အတန်းများကို နိုဝင်ဘာ(၁၆)ရက်နေ့မှစတင်ကာ ပိတ်ရက်မရှိ ကျောင်းအပ်လက်ခံခဲ့ပြီး ယနေ့တွင် စတင်ဖွင့်လှစ်ခြင်းဖြစ်သည်။ ကျောင်းစတင်ဖွင့်လှစ်သည့် ယနေ့နံနက်ပိုင်းတွင် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များက သင်ကြားမှုများနှင့်ပတ်သက်၍ လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပြီး သင်ကြားရေး ဆရာ၊ ဆရာမများကို မိမိဘာသာရပ်၊ ပညာရပ် အသီးသီးအား စနစ်တကျ သင်ကြားပေးရန် မှာကြားခဲ့ကြောင်း၊ မန္တလေးတက္ကသိုလ်တွင် တက်ရောက်ပညာသင်ယူလျက်ရှိသည့် ဘာသာရပ်အသီးသီးမှ ကျောင်းသား/ကျောင်းသူများ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ တက်ရောက်သင်ယူလျက်ရှိကြောင်း မန္တလေးတက္ကသိုလ် (သင်တန်းရေးရာဌာန) တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
အောင်ဇော်မင်း