ကြည့်မြင်တိုင်မြို့နယ်တွင် နှာခေါင်းစည်းတပ်ဆင်ခြင်း မရှိသူများကို စစ်ဆေး အရေးယူခြင်းများ ဆက်လက်ဆောင်ရွက်

ကြည့်မြင်တိုင်      အောက်တိုဘာ       ၂၄

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ပြည်သူများ နေအိမ်ပြင်ပမှ ထွက်ခွာတိုင်း နှာခေါင်းစည်း Mask များ မပျက်မကွက် တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာကြရန်အတွက် မြို့နယ်ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ယမန်နေ့က လူအများစည်ကားရာ နေရာများတွင် Mask နှာခေါင်းစည်း မတပ်ဆင်သူများကို စစ်ဆေးအရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊  မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီရုံးမှ ဝန်ထမ်းများ၊  မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့အဖွဲ့မှ မြို့နယ်အတွင်းရှိ စျေး၊ လမ်းမများ၊ ရပ်ကွက်များအတွင်း လှည့်လည်စစ်ဆေး၍ နှာခေါင်းစည်းတပ်ဆင်ခြင်း မရှိသူ (၂၉)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေးခြင်းများ ဆောင်ရွက်ပြီး ဒဏ်ရိုက်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်(၂၂)ရပ်ကွက်တွင် နှာခေါင်းစည်းများ တပ်ဆင်ရန် အသိပညာပေးခြင်းကို မြို့နယ်လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခိုင်ဇာလင်း ( ပြန်/ဆက် )