စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံတို့ ပူးပေါင်း၍ မ,တည်ငွေသိန်း(၃၀၀)ကျပ်ဖြင့် ဆောင်ရွက်မည့် SMU စီမံကိန်း မိတ်ဆက်ရှင်းလင်း

မြစ်သား၊        အောက်တိုဘာ   ၂၄

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံတို့ ပူးပေါင်း၍ မတည်ငွေသိန်း(၃၀၀)ကျပ်ဖြင့်ဆောင်ရွက်မည့် ကျေးရွာသစ်လှုပ်ရှားမှု အစီအစဉ် SMU စီမံကိန်း မိတ်ဆက်ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မိုင်းမောကျေးရွာအုပ်စု၊ အောင်ချမ်းသာဓမ္မာရုံ၌ ပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိုးနိုင်မှ စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးမှ စီမံကိန်းအောင်မြင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ကြရန်နှင့် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များကို အလေးထား လိုက်နာဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကာ တက်ရောက်လာသော ကျေးရွာပြည်သူ(၃၀)ဦးက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ကျောက်ဆည်ခရိုင် ဦးစီးမှူးက ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးမှူးနှင့် ခရိုင်ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံကိန်း ဦးစီးမှူး၊ ဒုမြို့နယ် ပညာရေးမှူး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုဦးစီးမှူး၊ ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ဆုမွန်(မြစ်သား)