ကြည့်မြင်တိုင် စက်တင်ဘာ ၂၄
ရန်ကုန်အနောက်ပိုင်ခရိုင်ပါ ကြည့်မြင်တိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ထီးတန်းစျေး တစ်လျှောက်တွင် mask တပ်ဆင်ပြီးသွားလာကြရန်၊ mask နှင့် ကျန်းမာရေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ သည်။
အဆိုပါဆောင်ရွက်မှုတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များနှင့် ဝန်ထမ်းများ၊ ထီးတန်းဈေးတာဝန်ခံနှင့် ဈေးဌာနဝန်ထမ်းများပူးပေါင်း၍ မြို့နယ်အတွင်း ဈေးရောင်းချမှု၊ ထီးတန်းဈေးတစ်လျှောက်တို့တွင် ရောဂါကာကွယ်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာတွင် ရောဂါကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်သတ်မှတ် ကာလကို အသိပေးနှိုးဆော်ခြင်း၊ ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်သွားရန်၊ သတ်မှတ် စည်းကမ်းချက်များနှင့် အညီ ရောင်းဝယ်ကြရန် စသည်တို့ကိုအသိပေး နိုးဆော်ခြင်း၊ ကြပ်မတ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)